သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်သည် သင်္ဃန်းကျွန်းမြို့နယ် (ဇ-တောင်)ရပ်ကွက်အတွင်းရှိ အမှတ် (၂)အခြေခံညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၁) (၂) (၃)နှင့် သင်္ဃန်းကျွန်းမြို့နယ် (င-က) ရပ်ကွက် လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၂)တို့အား ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မဲရုံများအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။
ယင်းသို့ကြည့်ရှု့ရာ သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးညီဆွေ၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်က မဲစာရင်းများ ရှာဖွေရာတွင် အဆင်ပြေလွယ်ကူစေရန် လုပ်ဆောင်ထားရန်၊ မဲပေးနည်းအသိပညာပေး Video အား TV ဖြင့် ပြသထားရန်၊ မဲရုံတာဝန်ရှိသူများ သွားလာရေးနှင့် စားသောက်ရေး စီစဥ်ထားပေးရန် မှာကြားပြီး မဲရုံတာဝန်ရှိသူများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)