ဒဂုံတောင် ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၅ ရပ်ကွက်၊ ၂၁ ရပ်ကွက်၊ ၁၀၇ ရပ်ကွက်ရှိ မဲရုံများတွင် မဲရုံများ ခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မဲရုံမှူး၊ ဒုမဲရုံမှူး၊ စက်ကိုင်များနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ စက်ကိုင်များနှင့် မဲရုံတာဝန်ကျဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေမျာအားတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်လမ်းညွှန်ခဲ့ကြောင်း သိရသည်။
သန်းသန်းအေး(ပြန်/ဆက်)