ဆိပ်ကြီးခနောင်တို ဩဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ ထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်သည့်အလေ့အကျင့် ရှိစေရေး ကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို မြို့နယ်အတွင်း လူစည်ကား ရာနေရာများတွင် မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း လူစည်ကားသည့် ဗဟိုလမ်းမပေါ်၊ စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်) အနီး၊ မြို့ပတ်လမ်း၊ မြို့မဈေးစသည့် နေရာများတွင် အကာအကွယ် Mask တပ်ဆင်ခြင်းမရှိပဲ အကြောင်း အမျိုးမျိုးဖြင့် နေအိမ်ပြင်ပထွက်ခွာ သူများကို စစ်ဆေး၍ Mask ချက်ချင်းဝယ် ချက်ချင်းတပ်စေပြီး Mask တပ်ဆင်ရခြင်း၏ အကျိုး ကျေးဇူးနှင့် အပြင်သွားတိုင်း Mask တပ်ဆင်သည့် အလေ့အကျင့်ရှိအောင် ကျန်းမာရေး အသိပညာပေး ဆွေးနွေး ပြောကြား ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)