လပွတ္တာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စနစ်တကျလာရောက်ဆန္ဒမဲပေး

လပွတ္တာ  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ စိတ်အေးချမ်းစွာဖြင့် စနစ်တကျလာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၈၂)အုပ်စုမှ မဲရုံစုစုပေါင်း (၂၂၆)ရုံတွင် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၆၈၅၇၇)ဦးရှိပြီး ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ပြည်သူများမှ ပျော်ရွှင်စွာဖြင့် စနစ်တကျဆန္ဒမဲများလာ‌ရောက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)