မအူပင်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

မအူပင်  ဒီဇင်ဘာ   ၂၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာ  ၂၈ ရက်‌ ယ‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြည်သူများစိတ်အေးချမ်းစွာဖြင့် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှ စတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီး အမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအား ပြသခြင်းနှင့်လုံခြုံရေးကြိုး စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၆ နာရီ အချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ  ကြေညာခဲ့သည်။

မအူပင်မြို့နယ်တွင် မအူပင်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၇)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၆)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မဲရုံဖွင့်လှစ်ချိန်မှ စတင်ကာ မဲရုံအသီးသီး၌ ပြည်သူများ လာရောက် ဆန္ဒမဲပေးလျက်ရှိပြီး၊ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အတွင်း အပြင် လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့်  မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး မအူပင်မြို့နယ်အတွင်း ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စုတွင် မဲရုံ (၂၃၇)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၁၉၆၁၃)ဦး၊  ကရင်လူမျိုး မဲရုံအရေအတွက် (၂၃၂)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၄၇၈၅၀)ဦး၊ ရခိုင်လူမျိုး မဲရုံအရေအတွက် (၈၆)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၃၈)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။        

အောင်မြင့်မြတ်(ပြန်/ဆက်)