၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါရှိသည့် သင်္ဃန်းကျွန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ ဆန္ဒမဲပေး​လာရောက်ပေးကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်ရှိပြီး မဲရုံပေါင်း ၁ဝဝ ရုံရှိကာ သက်ဆိုင်ရာရပ်ကွက်များရှိ မဲရုံအသီးသီးတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပါတီ (၉) ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ပါတီ (၁၈) ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါတီ (၈၈) ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၃) ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ပါတီ (၄) ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ပါတီ (၆) ခု၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်း သတင်းရရှိသည်။

ဇော်မိုး