မြောင်းမြ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ယနေ့ (တနဂ်နွေနေ့) နံနက် (၆) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပရာ မြောင်းမြမြို့ရှိမဲရုံများအား နံနက် (၆) နာရီမှစ၍ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်ချိန်မှစ၍ ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများအတိုင်း လိုက်နာ၍ ဆန္ဒမဲများ ပေးခဲ့ကြသည်။ ယင်းဆန္ဒမဲရလဒ်များအား မြောင်းမြခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များ စုပေါင်း၍ မဲရလဒ်စာရင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်သည်။
မြောင်းမြမြို့တွင် စတင်ကျင်းပသော ရွေးကောက်ပွဲကြီးတွင် ပါတီ (၇) ခုပါဝင်ပြီး ပါတီကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း (၂၇) ဦးတို့က ဝင်ရောက်ကိုယ်စားပြုအရွေးချယ်ခံခြင်းဖြစ်သည်။ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၄) အုပ်စုအတွက် မဲရုံပေါင်း (၂၃၆) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေပေါင်း (၁၉၄၉၂၈) ဦးရှိကြောင်းနှင့် ပြည်သူများ ပါဝင်မဲပေးနေကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)