ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ ကျင်းပ

ကြံခင်း   ဒီဇင်ဘာ  ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များ၌ နံနက် ၆ နာရီမှစ၍ သက်ဆိုင်ရာမဲရုံများ၌ ကျင်းပပေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၃၀)တွင် မဲရုံ (၈၄)ရုံ ကျင်းပလျက်ရှိသည်။

ရှေးဦးစွာ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် မဲရုံမှူး၊ ဒုမဲရုံးများက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးများ လွှတ်တော်မဲပုံးများအတွင်း မဲလက်မှတ်များရှိ/မရှိ စစ်ဆေးခြင်း၊ MEVM မဲပေးစက်၌ ကိုယ်စားပြုသောပါတီနှင့်သစ်သီးပုဂ္ဂလ၏ သင်္ကေတအမှတ်အသား ခလုတ်နှိပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်သင်္ကေတမှန်ကန်မှုရှိ/မရှိ စစ်ဆေးကြပြီး မဲပုံးများအား ချိတ်ပိတ်ကြသည်။ ထို့နောက် မဲရုံမှူးမှ မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီး၊ ဆန္ဒမဲပေးရန်လာရောက်ကြသော ပြည်သူများက စနစ်တကျ အေးချမ်းစွာဖြင့် ဆန္ဒမဲပေးကြသည်။

ကြံခင်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၈၃၅ ဦး၊ ကရင်တိုင်းရင်းသား ၃၂၃ ဦး၊ ရခိုင်တိုင်းရင်းသား ၂၃၃ ဦး စုစုပေါင်း ၆၆၃၉၁ ဦး ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ကြံခင်း-ပြန်/ဆက်)