ချောင်းသာ ဒီဇင်ဘာ ၂၈
ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ချောင်းသာမြို့၌ ယနေ့နံနက် (၆)နာရီမှ စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများလာရောက်ပေးကြသည်။
ပြည်သူများ ဆန္ဒမဲပေးမှုလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူးအလေးထား စီမံဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့်ပူးပေါင်းအဖွဲ့များက ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
ချောင်းသာမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း(၁၄၀၁၆)ဦးရှိပြီး ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုတွင် မဲရုံပေါင်း(၉)ရုံ ဖွင့်လှစ်ထားသည်။
ချောင်းသာမြို့တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၁၀)ခုဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)