၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဆန္ဒမဲပေး

ထားဝယ်  ဒီဇင်ဘာ ၂၈   

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) ကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် မိသားစုဝင်များသည်သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။  

ထိုသို့ ဆန္ဒမဲများပေးကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် မိသားစုဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဆန်းချီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ မဲရုံအမှတ် (၁)သို့ သွား ရောက်၍ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ဆန္ဒပြုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဒေသခံပြည်သူများ ဆန္ဒမဲပေးရာတွင်အဆင်ပြေ ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုပြီးလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ များအားမှာကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်ရပ်ကွက်ကျေးရွာ အုပ်စု(၉၉)အုပ်စု၌မဲရုံ ပေါင်း(၂၂၅)ရုံဖွင့်လှစ်ထားရှိရာ မဲဆန္ဒရှင်ဦးရေ (၄၀၄၆၉၀)ဦး ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)