ပုသိမ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပရာ ပုသိမ်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်အတွင်း မဲရုံ (၂၀၃)ရုံ ဖွင့်လှစ်ထားရှိခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၅၂၂၉၀)မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ပုသိမ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ(၈)ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်