ဘုတ်ပြင်း ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပလျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ယနေ့နံနက်(၆)နာရီအချိန် မဲရုံးများစတင်ဖွင့်လှစ်၍ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည့်။
ဦးစွာ သက်ဆိုင်ရာမဲရုံများရှိ မဲရုံမှူး နှင့်တာဝန်ရှိသူများက အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းတို့ကို စနစ်တကျတပ်ဆင်၍ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်အနေဖြင့် ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)စု မဲရုံပေါင်း(၃၅)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၅၄၄၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)