ကော့သောင်း ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
ထိုသို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများကလျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် မိမိကြိုက်နှစ်သက်ရာပါတီနှင့်ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ်မဲပေးကြသည်။ ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် မဲရုံ(၆၀)ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၇၆၉၃၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ခရိုင် (ပြန်/ဆက် )