၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စတင်မဲပေး

သန်လျင် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက် နေ့ ယနေ့တွင်စတင်ကျင်းပလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြိုနယ်၌ ယနေ့နံနက် (၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေး လျက်ရှိကြသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော် တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ပါဝင်သောအီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာ ဆန္ဒပြုခဲ့ကြသည်။

သန်လျင်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၇)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၂၈)အုပ်စု၊ကျေးရွာပေါင်း ( ၆၄)ရွာတွင် မဲရုံပေါင်း( ၁၂၇)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ( ၁၉၁၄၉၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။         

ဖြိုးသီဟ(သန်လျင်)