၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည်လေ့လာသူထိုင်းနိုင်ငံသားလာရောက်လေ့လာ

ပုသိမ် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည်လေ့လာသူထိုင်းနိုင်ငံသားမှ လာရောက်ကြည့်ရှု လေ့လာလျက်ရှိသည်။

ထိုသို့ လာရောက်ကြည့်ရှုရာတွင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ထိုင်းနိုင်ငံသား Mr, Ittimon Sumttpaibul  သည် ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်-မုံရွာလမ်းဘေး၊ ပုသိမ်ပညာ ရေးကောလိပ်ရှိ မဲရုံအမှတ်(၁)နှင့် မြို့နယ် အတွင်းရှိ မဲရုံများတွင်ပြည်သူများ အေးချမ်းစွာမဲပေးနေမှုအားကြည့်ရှုလေ့လာလျက်ရှိ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)