ငွေဆောင်မြို့တွင် ၂၀၂၅ခု နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ ပြည်သူများ လာရောက်မဲပေးလျက်ရှိ

ငွေဆောင် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယနေ့နံနက် (၆) နာရီက မဲရုံများဖွင့်လှစ်၍ စတင်ကျင်းပပြုလုပ်ရာ ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မဲရုံများမဖွင့်မီ စမ်းသပ်မဲပေးခြင်း၊ MEVM မဲပေးစက်များ စစ်ဆေးခြင်းနှင့် လုံခြုံရေးကြိုးတပ်ဆင်ခြင်းတို့ကို သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများမှ ဦးစွာစစ်ဆေးဆောင်ရွက်ခဲ့ပြီး နံနက် (၆) နာရီအချိန်တွင် မဲရုံများကို တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့သည်။ မဲရုံများ ဖွင့်လှစ်ပြီးချိန်မှ စတင်ကာ ပြည်သူများမှ သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြသည်။

ငွေဆောင်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၅၁၈၃) ဦး ရှိပြီး၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃) အုပ်စုတွင် မဲရုံပေါင်း (၁၃) ရုံ ဖွင့်လှစ်ကာ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ငွေဆောင်မြို့တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၈) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄) ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ငွေဆောင်