တိုက်ကြီး ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ၉၅ အုပ်စုရှိပြီး မဲရုံပေါင်း ၁၇၉ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၃၅၇၉ ဦးရှိကာ ဖွင့်လှစ်ထားရှိသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကို အသုံးပြု၍ စနစ်တကျဆန္ဒမဲလာရောက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)