မင်္ဂလာဒုံ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဥပဒေချုပ် ဒေါ်ဖြူမာဝေသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပိုင်း (၁) တွင် ပါဝင်သည့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေများကို ယနေ့ နံနက် ၉ နာရီက လှည့်လည်ကြည့်ရှုသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဥပဒေချုပ် ဒေါ်ဖြူမာဝေသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် မင်္ဂလာဒုံဈေးရပ်ကွက်ရှိ အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်းကောင်း မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း