ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများအဖွဲ့ (သန်လျင်) မြို့နယ်အတွင်းရှိ ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုအခြေအနေများ လိုက်လံကြည့်ရှု

ရန်ကုန် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးနေမှုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် သန်လျင်မြို့သို့ ရောက်ရှိပြီး သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ကော်မတီဝင်များ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ သန်လျင်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်အတွင်းရှိ ညောင်သုံးပင် မဲရုံ၊ ဘုရားကုန်းမဲရုံ၊ ကွမ်းခြံကုန်းမဲရုံများသို့ လာရောက်ဆန္ဒမဲပေးနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မဲရုံများ၏ အခြေအနေများကို လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ