တာချီလိတ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) စတင်ကျင်းပရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းစွာ မဲပေးလျက်ရှိသည်။
တာချီလိတ်မြို့နယ်၌ တာချီလိတ်၊ ကျိုင်းလပ်နှင့် တာလေတို့ပါဝင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း( ၃၁ )အုပ်စု၊ မဲရုံ( ၈၈ )ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ ၁၃၅၁၉၇ ဦးရှိကြောင်းနှင့် မဲရုံဖွင့်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများ၌ အေးချမ်းစွာ လာရောက်ဆန္ဒပြု မဲပေးလျက်ရှိကြောင်း သိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)