တာလေမြို့၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးလျက်ရှိ

တာလေ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အပိုင်း ၁ အား စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့၊ နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် မဲပေးလျက်ရှိသည်။

တာလေမြို့၌ ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) အုပ်စုရှိပြီး မဲရုံ (၁၆) ရုံနှင့် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ (၁၆၂၈၂) ဦးရှိကြောင်းနှင့် မဲရုံဖွင့်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများ၌ လာရောက်ဆန္ဒပြုမဲပေးလျက်ရှိကြောင်း သိရှိရသည်။

ရဲထက်ဦး (ပြန်/ဆက်)