ကျိုင်းလပ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ မဲပေးလျက်ရှိ

ကျိုင်းလပ် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အပိုင်း(၁)ကို စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ယနေ့ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းစွာမဲပေးလျက်ရှိသည်။

ကျိုင်းလပ်မြို့၌ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)စုရှိပြီး မဲရုံ(၈)ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ (၈၄၉၅)ဦးရှိကြောင်းနှင့် မဲရုံဖွင့်ချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာ မဲရုံများ၌ အေးချမ်းပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)