ကမာရွတ်မြို့နယ်တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိ

ကမာရွတ် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ  စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

မဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံများဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။

ကမာရွတ်မြို့နယ်အနေဖြင့် ရပ်ကွက် (၁၀) ရပ်ကွက်တွင် မဲရုံပေါင်း (၃၅) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြပြီး ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ တာ၀န်ရှိသူများနှင့် မြန်မာ‌ရေးရာလေ့လာရေးအဖွဲ့မှ တာ၀န်ရှိသူများလည်း လာ‌ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)