မိုင်းခုတ်ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့သည် ယမန်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမ)ပိုင်းတွင် ပါဝင်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒမဲပေးရမည့် သက်ဆိုင်ရာမဲရုံများသို့ ပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိသည်။
မိုင်းခုတ်မြို့ရှိ အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)၊ အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)နှင့် ဝမ်ကောင်းကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၁)စသည်ဖြင့် မဲရုံစုစုပေါင်း (၇)ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူဦးရေ (၁၃၈၁)ဦးရှိကာ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်ဖြစ်သော ယနေ့နံနက် ၆ နာရီမှစတင်ကာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံများသို့ ပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)