ကျောက်တန်း ဒီဇင်ဘာ ၂၉
ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကျော်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းတို့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၂၀)ခုရှိ မဲရုံများအား ကွင်းဆင်းကြည့်ရှုကာ ကြိုတင်ပြင်ဆင်ထားရှိမှုအား စစ်ဆေး၍ ပြည်သူများအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)