ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မိသားစုဝင်များ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၈)တွင် ပြည်သူများနှင့်အတူ ဆန္ဒမဲပေး

ရန်ကုန် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား စနစ်တကျ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒမဲပေးရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် မိသားစုဝင်များသည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံ(၈)တွင် ပြည်သူများနှင့်အတူ စုပေါင်းမဲ ပေးခဲ့ကြောင်း သိရှိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)