မိုင်းခတ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ မိုင်းခတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီကစတင်၍ မြို့နယ်အားကစားကွင်း၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကပြဖျော်ဖြေပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက လွတ်လပ်ပျော်ရွှင်စွာလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်သီဆိုကပြဖျော်ဖြေရာ၌ ရှေ့တန်းအမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်တပ်စုမှ ဗိုလ်ကြီး ရှိုင်းသူ ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးတို့က တေးသီချင်းသီဆိုဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအကနှင့် အငြိမ့်ကပြဖျော်ဖြေရေးအစီအစဉ်များ၊ ဟာသပြဇာတ်ဖျော်ဖြေရေးအစီအစဉ်များနှင့် စင်တင်မျက်လှည့်ဖျော်ဖြေရေးအစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)