မိုင်းပျဉ်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကိုစတင်ရာ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့်(၈)ဦး၊ အထက်တန်းအဆင့်(၆)ဦး၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်(၃)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့်(၇)ဦး၊ အထက်တန်း အဆင့်(၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာ၊ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အ.ထ.ကကျောင်း၊ အ.ထ.က(ခွဲ)၊ အ.ထ.က(မိုင်းပုအွန်)နှင့် အ.ထ.က(မိုင်းမန်း)တို့မှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း ပညာရေးဌာနမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)