ကရသူရိ ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကရသူရိရပ်ကွက် မဲရုံအမှတ်(၁)တွင် စတင်ဖွင့်လှစ်ရာ ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေး သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများနှင့် မဲရုံလုံခြုံရေးအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲဆန္ဒရှင်များက ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)