ခမောက်ကြီး ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက ခမောက်ကြီးမြို့အတွင်းရှိ မဲရုံအမှတ်(၁)တွင် လာရောက်မဲပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးခြင်းမဆောင်ရွက်မီ မဲရုံတာဝန်ရှိသူများက ပါတီကိုယ်စားလှယ်များအား မဲပုံများပြသ၍ နံနက်(၆)နာရီတိတိတွင် မဲရုံးမှူးက မဲရုံဖွင့်လှစ်ကြောင်းကြေညာသည်နှင့်တစ်ပြိုင်နက် မဲဆန္ဒရှင်ပြည်သူများက မဲနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြသ၍ လွှတ်တော်အသီးသီးအတွက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုမဲပေးကြသည်။
ခမောက်ကြီးမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ/အုပ်စုတို့တွင် ပြည်သူများ မဲရုံအသီးသီး၌ စည်းကားစွာဖြင့် လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)