မြင်းခြံ ဒီဇင်ဘာ ၂၉
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲမစတင်မီ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို “သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား /ကျောင်းသူ ၂၈ ဦးနှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၃၈ ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)