ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပုလော  ဒီဇင်ဘာ  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ပုလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက (၇၈)နှစ်ကြာ လွတ်လပ်ရေးခရီး အောင်ပွဲများနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အလားတူ စာစီစာကုံးပြိုင်ပွဲကို  မူလတန်းအဆင့်တွင် လွတ်လပ်ရေးနေ့ကိုချစ်ခြင်း၊ အလယ်တန်းအဆင့်တွင် ၁၉၄၈ ခုနှစ်သို့ ခရီးပြန်လည်သွားခြင်း၊ အထက်တန်းအဆင့်တွင် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မျိုးဆက်သစ်တို့၏ တာဝန်၊ ကဗျာပြိုင်ပွဲ၌ အလယ်တန်းအဆင့်တွင် ငါ့တို့လူငယ်တို့၏ ကတိသစ္စာ၊ အထက်တန်းအဆင့်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ ပန်းဥယျာဉ်စသည့် ခေါင်းစဉ်များဖြင့်ပြိုင်ပွဲများ ကျင်းပပြုလုပ် ကျောင်းသား၊ ကျောင်းသူ (၁၃၂) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများကို (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)