မိတ္ထီလာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်သော်က  ပြိုင်ပွဲကျင်းရခြင်းရည်ရွယ်ချက်နှင့် ကဗျာရေးစပ်ခြင်းနှင့်ပတ်သက်၍ စည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက လွတ်လပ်အမွေတို့မြန်ပြည် ထိန်းသိမ်းကြစို့လေ ခေါင်းစဉ်ဖြင့် ကဗျာရေးစပ်ပြိုင်ပွဲကို ပါဝင်ရေးစပ်ခဲ့ကြသည်။

အဆိုပါ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)