ငရုတ်ကောင်းမြို့(အ.ထ.က)တွင် ၇၈နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ 

ငရုတ်ကောင်း ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့(အ.ထ.က)တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့(အ.ထ.က)ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ကြသည်။
ဦးစွာ ဘင်ခရာအဖွဲ့၊ အားကစားသမားများနှင့် အခမ်းအနားသို့ တက်ရောက်လာသူတို့က နိုင်ငံတော်အလံအား အလေးပြုကြပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်အား ရွတ်ဆိုကြသည်။ ဆက်လက်၍ (အ.ထ.က)ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးက ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး အဖွင့်ပွဲစဉ်အဖြစ် ဘုရင့်နောင်အသင်းနှင့်အနော်ရထာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
 

အဆိုပါ အားကစားပြိုင်ပွဲကျောင်းသားအသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ပညာရေးစုံညီပွဲတော်ရက်နေ့တွင်  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ငရုတ်ကောင်း(ပြန်/ဆက်)