ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ မဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုများကြည့်ရှု

ပုသိမ် ဒီဇင်ဘာ  ၂၉

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယ‌မန်‌နေ့နံနက်(၆)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် အပိုင်း(၁)အနေဖြင့်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ပေါ်ရှိမဲရုံများတွင် ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁၅)ရပ်ကွက်၊ မဲရုံအမှတ်(၁)သို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၊ မဲရုံအမှတ်(၇)သို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၊ မဲရုံအမှတ် (၃)သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၃)သို့လည်းကောင်းသွားရောက်၍ ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျူံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ မဲရုံအမှတ်(၂)သို့ လည်းကောင်း၊ တောချောင်းကျေးရွာ၊ မဲရုံအမှတ်(၃)သို့လည်းကောင်း၊ ညောင်ပင်ကွင်းကျေးရွာ၊ မဲရုံအမှတ်(၂)သို့လည်းကောင်းသွားရောက်၍ ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲ ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)