ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မူလတန်းဆင့်(ပုံ‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲ)၊ အလယ်တန်းဆင့် ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲ၊ အလယ်တန်းဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲစသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက ကျောင်းသား/သူလေးများအား နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး