ဘိုကလေး ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲအချိန်၌ ဖျာပုံခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဘိုကလေးမြို့နယ်အတွင်းမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဖျာပုံခရိုင် ဦးစီးမှူး ဦးဇော်လင်းဦးနှင့်အဖွဲ့၊ ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့၊ ဘိုကလေးမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ စုစုပေါင်းအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဖျာပုံခရိုင် ဦးစီးမှူး ဦးဇော်လင်းဦးနှင့်အဖွဲ့က ပထမအကြိမ် ကျင်းပပြီးစီးသည့် ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် အားသာချက်၊ အားနည်းချက်များ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်းများ၊ မဲရုံလုပ်ငန်း တာဝန်များနှင့်ပတ်သတ်သည်များအား ဆွေးနွေးခဲ့ကြောင်းနှင့်မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့်ပညာရေးဝန်ထမ်းများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးစက်