မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေးနှင့် လူငယ်ရေးရာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကြောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း