မိုင်းဖြတ်မြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် တာဝန်ကျ ဆရာ၊ ဆရာမများက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာကို လွတ်လပ်ရေးအမွေထိန်းသိမ်းလေ‌ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး က‌ဗျာကို လွတ်လပ်ရေး အဓိဋ္ဌာန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပန်ချီပြိုင်ပွဲကို လွတ်လပ်ရေး‌နေ့ တို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်းယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)