ရပ်စောက် ဒီဇင်ဘာ ၃၀
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၇) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင် အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်ဆုံး တပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း သင်တန်းသား(၇၇) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်း ပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြောင်းသိရသည်။
အလားတူ ယမန်နေ့နံနက် ၈ နာရီက တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာ ထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံး တပ်စိတ်ဆု၊ စစ်သည်တော် ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်ဆုံး တပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။ ထို့နောက် ပြည်သူ့ စစ်မှုထမ်းသင်တန်းသား (၅၃၇)ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့်ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်