ဗိုလ်တထောင် ဒီဇင်ဘာ ၃၀
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်က လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း ၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြောင်း သိရသည်။
ယင်းသို့ ယှဥ်ပြိုင်အရွေးခံရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်၊ ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ငါးဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှငါးဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှလေးဦး၊ ပြည်သူ့ပါတီမှလေးဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှတစ်ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီမှတစ်ဦး၊ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီမှတစ်ဦး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီမှနှစ်ဦး၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမှနှစ်ဦး၊ တစ်သီးပုဂ္ဂလမှတစ်ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၆ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)