ကျောက်တန်း ဒီဇင်ဘာ ၃o
ကျောက်တန်းမြို့၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၆) ရှိ Diamond Rental Myanmar ယန္တရားငှားရမ်းခြင်းလုပ်ငန်း မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးမှ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊
အဆိုပါဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှုမရှိခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားမှုမရှိခြင်း၊ FSC ရယူဆောင်ရွက်ထားမှု မရှိခြင်းအား အမြန်ဆုံးပြုပြင်လိုက်နာဆောင်ရွက်သွားရန်မှာကြားပြီး စနစ်တကျစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်၊၊
နေလင်းကျော်(ပြန်/ဆက်)