ကော့မှူး ဒီဇင်ဘာ ၃၀
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးပွဲ ယမန်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်သည့်အတွက် အမှားအယွင်းမရှိအောင် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကာလတစ်လျှောက်လုံး လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ထမ်းများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မြို့နယ်အတွင်းရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိများ၊ ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ