ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၉)ဉီး အား ဓာတ်ခွဲနမူနာများ ရယူ

ချင်းရွှေဟော်  ဩဂုတ် ၅

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၉)ဉီးအား  ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွား အလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ / မရှိ ဓာတ်ခွဲ စစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူခြင်းကို ယနေ့နံနက်(၇)နာရီအချိန် က ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

၎င်းမြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ  အမျိုးသား(၃၆) ဉီး၊ အမျိုးသမီး(၁၃) ဉီး စုစုပေါင်း  နေရပ်ပြန်ပြည်သူ(၄၉)ဉီး သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသောပြည်သူများဖြစ်ပြီး  ၎င်းတို့အား တရုတ်နိုင်ငံ နယ်ခြားစောင့်၊ လူဝင်မှုစစ်ဆေးရေးဌာနမှ  ချင်းရွှေဟော်နယ်စပ်တံတားပေါ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင် များ၊ချင်းရွှေဟော်နယ် စပ်စစ်ဆေးရေးစခန်းမှ  အဖွဲ့ခေါင်းဆောင် ဉီးရဲထွန်းနှင့် တာဝန်ရှိသူများက စနစ်တကျ  ပြန်လည် လက်ခံခဲ့ သည့် ပြည်သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား  ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက်  ချင်းရွှေဟော်မြို့၊  ကုသရေးဉီးစီးဌာနမှ မန္တလေးမြို့ ၊  ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)