ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် မန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့် ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်အေးစုယဉ်က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ ပြိုင်ပွဲ၀င်စည်းကမ်းများ ရှင်းလင်း​ပြောကြားခဲ့သည်။

(၇၈) နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို သား​ကောင်းမိခင်နှင့် က​လေးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ​မွေးစမှ (၆) လ၊ (၆) လမှ (၁) နှစ်၊ (၁) နှစ်မှ (၁) နှစ်ခွဲ၊ သား​ကောင်းမိခင်နှင့် အမွှာပြိုင်ပွဲများအတွက် ပြိုင်ပွဲ၀င် စုစု​ပေါင်း (၃၅) ဦး ၀င်​​ယောက်ယှဥ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲ၀င်များအား တစ်ဦးလျှင် စတီးမတ်ခွက် (၁) လုံး၊ ကြက်ဥ (၁) ကတ်၊ Gold Power အာဟာရဆန်ပြုတ် (၅) ထုတ်စီနှင့် ဆုရရှိသူများအတွက် ဆု​ကြေး​ငွေများကိုပါ ထည့်သွင်းပေးအပ်ခဲ့ပြီး အခမ်းနားသို့ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနရှိ ဆရာဝန်၊ ဆရာမများ၊ ​ဒေသန္တရကျန်းမာ​ရေးဦးစီးမှူးများ၊ မြို့နယ်/ ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး​ရေးရာအဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ