မြစ်သားမြို့နယ်၌ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြစ်သား ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်  ဇန်နဝါရီလ ၄ ရက်ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

  အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲစည်းရာ ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးပြီးဖြစ်ကြောင်း၊ ဇန်နဝါရီလ ၄ ရက်  နေ့ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အလံတင်အခမ်းအနားနှင့် ၇ နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများပေါ်တွင်အားနည်းချက်မရှိစေရေး အထူးဂရုစိုက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)