(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ် ဒီဇင်ဘာ ၃၀

(၇)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ(၃၀)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက နှစ်ပေါင်း(၁၂၄)နှစ်တိုင်အောင် ဆုံးရှုံးသွားခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အသက်သွေးချွေးပေါင်းများစွာ စတေးခံ၍  ပြန်လည်ရယူခဲ့မှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောခဲ့သည်။

ထို့နောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံ‌ဆက်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)