မဟာအောင်မြေ ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက် ရန်မျိုးလုံပေါ်တော်မူမြတ်စွာဘုရားဝန်းအတွင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲပေးစက်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က မဲရုံမှူးများ၏ လုပ်ပိုင်ခွင့်များဆောင်ရန်ရှောင်ရန်အချက်များအား လက်တွေ့အပြန်အလှန်မေးမြန်းရှင်းလင်းခဲ့ပြီး ခရိုင်ရွေးကောက်ဖွဲ့ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်ဆွေဦးက မဲပေးပုံမဲပေးနည်းစနစ်အားလည်းကောင်း၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက မဲပေးစက်သရုပ်ပြပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားလည်းကောင်း၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒများလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများက မဲပေးစက်ဖြင့်သရုပ်ပြမဲပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင်ဗိုလ်မှူးဆွေလွင်အောင်၊ခရိုင်ရွေး ကောက်ဖွဲ့ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ဆွေဦး၊ မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မဲရုံမှူး/ဒုမဲရုံးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း