လှိုင်သာယာ ဒီဇင်ဘာ ၃၀
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းဟောခန်းမ၌ ပြုလုပ်ရာ လှိုင်သာယာ (အနောက်ပိုင်း)၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ အ.ထ.က (၁၁) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်က အထွေထွေဗဟုသုတသိကောင်းစရာများနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝယ်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝယ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)