ဝမ်းတွင်းမြို့နယ်အတွင်းရှိ ထပ်ဆင့်ဓာတ်အားခွဲရုံများ စနစ်တကျထိန်းသိမ်းမောင်းနှင်နိုင်ရေး လက်တွေ့အသုံးချမှု သင်တန်းဖွင့်လှစ်သင်ကြား

ဝမ်းတွင်း ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ထပ်ဆင့်ဓာတ်အားခွဲရုံများ စနစ်တကျ ထိန်းသိမ်းမောင်းနှင်နိုင်ရေး လက်တွေ့အသုံးချမှု သင်တန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖွင့်လှစ်ကြားခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

သင်တန်းတွင် မြိုနယ်လျှပ်မန်နေဂျာ၊ ဒုတိယမန်နေဂျာနှင့် Foreman တို့က မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ လိုင်းဝန်ထမ်းများအား မြို့နယ်အတွင်းရှိ ထပ်ဆင့်ဓာတ်အားခွဲရုံများ စနစ်တကျ ထိန်းသိမ်းမောင်းနင်နိုင်ရေး မြေဓာတ်ခုခံမှုကောင်းမွန်စွာ ရှိ/မရှိ စစ်ဆေးရေး Battery Charger & Battery Bank များ Ground ကျ /မကျနှင့် acid level များ သတ်မှတ် level တွင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်နိုင်ရန် လက်တွေ့အသုံးချမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ၎င်းသင်တန်းကို မြို့နယ်အတွင်းရှိ လိုင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)